IFOMS Body Content

လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS)

The sole ITF-affiliated union for Myanmar's seafarers, representing them since 2014.

နောက်ဆုံးရ သတင်းများ

လက်ရှိလုပ်ဆောင်ချက်များနှင့် လုပ်ငန်းခွင်သတင်းအချက်အလက်များကို မှတ်တမ်းတင်ဖော်ပြပေးထားပါသည်။

IBF LIST                                    of designated risk areas, with applicable benefits

June 25, 2026

ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောများဆီသို့ ITF၊ IFOMS နှင့် Mission to Seafarers မိတ်ဖက်အဖွဲ့အစည်းများမှ အတူတကွ သွားရောက်ကာ ညီအစ်ကို သင်္ဘောသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး။

ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အဓိကရေနက်ဆိပ်ကမ်းတစ်ခုဖြစ်သော Laem Chabang Port ၌ ဆိုက်ကပ်ရပ်နားကာ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်နေကြသည့် ကုန်တင်သင်္ဘောများပေါ်သို့ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးအလုပ်သမားများအဖွဲ့ချုပ် (ITF) မှ

Read More →
ifoms-attended-the-dinner-held-on-december-11th-at-koh-lanta-restaurant-suvarnabhumi

June 23-24, 2026

Workshop on Seafarers' Welfare, MLC Compliance, and Maritime Law Enforcement

Read More →
Led by the International Transport Workers' Federation (ITF), a "Workshop on Seafarers' Welfare, MLC Compliance, and Maritime Law Enforcement" was successfully held in Pattaya, Thailand, from June 23 to 24.
Interview With ITF inspector

May 21, 2026

Burmese Cowboy: How Shwe Aung Defies Borders to Guard the Texas Gulf Coast

Faced with global blacklists, imprisonment, and exile, the Burmese organizer found political asylum in America—only to take his fight straight back to the ocean terminals of Texas.

Read More →

IFOMS သမိုင်းကြောင်း

ပင်လယ်ပျော်များကို စောင့်ရှောက်ကာကွယ်ရန် နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် မျှော်မှန်းချက်ဖြင့် တည်ထောင်ခဲ့ပါသည်

လိုအပ်ချက်မှ ပေါ်ထွန်းလာခြင်း

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောသားဦးရေမှာ ၁၀၀,၀၀၀ ခန့်ရှိပြီး အမှန်တကယ်သင်္ဘောပေါ်တွင် အမှုထမ်းဆောင်လျက်ရှိသော သင်္ဘောသားများဦးရေမှာ ၃၀,၀၀၀ ခန့်သာရှိသည်။ မြန်မာသင်္ဘောသားအများစုမှာ နိုင်ငံတကာ နှင့် အခွင့်အရေးတန်းတူမရရှိဘဲ နိမ့်ပါးသောလစာ နှင့် လုံခြုံမှုမရှိသောသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေရသည်။

မှတ်ပုံတင် သင်္ဘောသားဦးရေများပြားသော်လည်း အမှန်တကယ် အလုပ်အကိုင်အခွင့်အလမ်းရရှိသောဦးရေမှာ လွန်စွာနည်းပါးခြင်းကို အခွင့်ကောင်းယူ၍ အချို့သောသင်္ဘောကိုယ်စားလှယ်များမှ သင်္ဘောသားများအား ဂုတ်သွေးစုပ်အမြတ်ထုတ်နေခြင်းများကိုလည်း တွေ့ရှိရသည်။ ယင်းအခြေအနေ ဆိုးများကို ကာကွယ်ရန် မြန်မာသင်္ဘောသားများ စုပေါင်း၍ လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) ကို ၂၀၁၄ ခုနှစ်၊ ဇွန် လ၊ ၃ ရက်နေ့တွင် သင်္ဘောသားများစုပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ ပင်မဦးတည်ချက်

ပင်လယ်ပျော်များအတွက် ကျွန်ုပ်တို့၏ ကတိပြုချက် (၄) ရပ်

မိမိတို့၏ ရပိုင်ခွင့် နှင့် အခွင့်အရေးများကို ကာကွယ်ရန်၊

ပင်လယ်ပျော် တစ်ဦးချင်းစီအားဂုဏ်သိက္ခာရှိရှိ တရားမျှတစွာ ဆက်ဆံမှုခံရစေရန် ကျွန်ုပ်တို့ အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါသည်။ ကမ်းခြေနှင့် ပင်လယ်ပြင်တွင်အခြေခံလူ့အခွင့်အရေးများအပြည့်အဝရရှိရေး ကျွန်ုပ်တို့ ကိုယ်စားပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

မိမိတို့၏ လုပ်ငန်းခွင်အတွင်း အန္တရယ်ကင်းရှင်း၍ လုံခြုံမှုရရှိစေရန်၊

သင့်ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့၏ ပထမဦးစားပေးဖြစ်ပါသည်။ အဖွဲ့ဝင်အားလုံး နိုင်ငံတကာ ဘေးကင်းရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသော သို့မဟုတ် သာလွန်သော လုံခြုံသည့် အလုပ်အကိုင်ပတ်ဝန်းကျင်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ကျွန်ုပ်တို့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဆုံးရှုံးနစ်နာမှုများအတွက် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များကို အပြည့်အဝရရှိစေရန်။

ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ ရပိုင်ခွင့်များ ရရှိရေး ကျွန်ုပ်တို့ ကိုယ်စားပြု ဆောင်ရွက်ပေးပါသည်။ မည်သည့်အခြေအနေတွင်မဆို ကျွန်ုပ်တို့၏ အဖွဲ့ဝင်များအတွက် ခံစားပိုင်ခွင့်ရှိသော လုပ်ခလစာ, ခံစားခွင့် စီးပွားရေးအကျိုးခံစားမှုများ, ထိခိုက်ဒဏ်ရာရမှု၊ ဖျားနာမှု သို့မဟုတ် အခြားမျှော်လင့်မထားသော ဖြစ်ရပ်များတွင် အပြည့်အဝ လျော်ကြေးငွေများ ရရှိစေရန် ကျွန်ုပ်တို့ ရပ်တည် ဆောင်ရွက်ပေးပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာတရားမျှတသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် မြှင့်တင်ပေးရန်ဖြစ်ပါသည်။ ပင်လယ်ပျော်များ၏ တည်တံ့ခိုင်မြဲသော အသက်မွေးဝမ်းကြောင်းများ တည်ဆောက်နိုင်ရေးအတွက် ကျွန်ုပ်တို့မှ အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်တော်တို့၏ လုပ်ဆောင်ချက်များ

ပင်လယ်ပျော်အားလုံး၏ စည်းရုံးညီညွတ်ခွင့်၊ တရားမျှတစွာ ကိုယ်စားပြုခံပိုင်ခွင့်၊ အသိအမှတ်ပြုခံပိုင်ခွင့် တို့ကို အပြည့်အဝရရှိစေရန် ကျွန်ုပ်တို့မှ ကိုယ်စားပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

  • မြန်မာနိုင်ငံပင်လယ်ပျော်များကို စုစည်း၍ကိုယ်စားပြုနိုင်သည့် ဒီမိုကရေစီနည်းလမ်းကျ ပွင့်လင်းမြင်သာသော ပင်လယ်ရေကြောင်းအဖွဲ့ချုပ်ကို တည်ထောင်ရန်။
  • နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်များ၊ ပင်လယ်ရေကြောင်းသမဂ္ဂများ နှင့် နီးကပ်စွာလက်တွဲဆာင်ရွက်ပြီး ရပိုင်ခွင့် နှင့် အခွင့်အရေးများကိုကာကွယ်ရန်၊ ပင်လယ်ရေကြောင်းလောက ဖွံ့ဖြိုးတိုးတက်စေရန်။
  • IFOMS ၏ အဖွဲ့ဝင်များကို အဆင့်အတန်း၊ လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာ မည်သည့်ခွဲခြားမှုမျှမရှိပဲ လေးစားစွာဆက်ဆံရန်။
  • IFOMS ၏ အဖွဲ့ဝင်များသည် ပြဌာန်းထားသော ဥပဒေနှင့် စည်းကမ်းချက်များကို ရိုသေလေးစား စွာလိုက်နာရန်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

စည်းလုံးညီညွတ်မှုနှင့် ဘဝအရည်အသွေး မြင့်မားသောအနာဂတ်များရရှိရန်

IFOMS အဖွဲ့ချုပ်သည် မြန်မာနိုင်ငံပင်လယ်ပျော်များ / ရေကြောင်းလုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ဘဝအရည်အသွေးများ တိုးတက်အောင် မြှင့်တင်ပေးရန်၊ နိုင်ငံတကာမှ သမဂ္ဂ / အဖွဲ့ချုပ်များနှင့် သွေးစည်းညီညွတ်စွာပူပေါင်းတိုက်ပွဲဝင်ရန် ဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်စွာဖွဲ့စည်းထားသောအဖွဲ့ချုပ်ဖြစ်သည်။

အသုံးဝင်သော Application များ

ITF Seafarers App ကို အခုပဲ ဒေါင်းလုဒ်လုပ်လိုက်ပါ

Bulletin Board

ကျွန်ုပ်တို့၏ အသင်းဝင်များအတွက် အရေးကြီး အသိပေးချက်များနှင့် ဒေါင်းလုဒ်ရယူနိုင်သော ဖိုင်များ

ဆက်သွယ်ရန်

အကူအညီလိုအပ်နေတဲ့ ပင်လယ်ပျော်လုပ်သားတစ်ဦးဖြစ်စေ၊ ချိတ်ဆက်လုပ်ကိုင်လိုတဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်စေ၊ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ လုပ်ငန်းတွေကို အားပေးချင်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ သင့်ရဲ့အသံကို ကျွန်ုပ်တို့ နားထောင်လျက်ရှိပါတယ်။

Email Us

info@ifoms.org

Call Us

+66 0660463567


Visit Us

Prajak Villa 1,2, 56/27 soi Ramkhamhaeng 156, Ratpattana, Sapansung, Bangkok Thailand 10240