SMOUနှင့်SOSမှ ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်ခြင်း
Published: October 2, 2025
စင်္ကာပူနိုင်ငံမှ SMOU နှင့် SOS မှ လုပ်ဖော်ကိုင်ဖက် သမဂ္ဂညီအစ်ကိုမောင်နှမများသည် ရင်းနှီးပွင့်လင်းပြီး အဓိပ္ပာယ်ရှိသည့် ဆွေးနွေးဖလှယ်မှု ပြုလုပ်ရန် ကျွန်တော်တို့ IFOMS ဘန်ကောက် ရုံးချုပ်သို့ လာရောက်လည်ပတ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲများတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့၏ လုပ်ငန်းများ၊ ဦးတည်ချက်နှင့် ရေကြောင်းအလုပ်သမားများ၏ အခွင့်အရေးများ တိုးမြင့်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ သိလိုသမျှများကို မေးမြန်းခဲ့ပါသည်။
ပြန်လည်ဆွေးနွေးရာတွင် ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ဆောင်မှုများ၊ ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပိုမိုအားကောင်းသော လှုပ်ရှားမှုတစ်ရပ် တည်ဆောက်ရန် ရေရှည်မျှော်မှန်းချက်များကို အသေးစိတ် မျှဝေခဲ့ကြပါသည်။ သူတို့၏ ဤခရီးစဉ်သည် စိတ်ကူးအမြင်များ ဖလှယ်ရန် အခွင့်အရေးတစ်ရပ်သာမက၊ သင်္ဘောသားများကို ကာကွယ်စောင့်ရှောက်ရန် ကျွန်ုပ်တို့ မည်ကဲ့သို့ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပြီး မည်ကဲ့သို့မျှော်မှန်းထားသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခွင့် ရရှိခဲ့ကြပါသည်။ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းဖြင့် ကျွန်ုပ်တို့သည် အပြန်အလှန် နားလည်မှုကို နက်ရှိုင်းစေပြီး ကျွန်ုပ်တို့ သမဂ္ဂများကို ချိတ်ဆက်ပေးထားသော စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို မြှင့်တင်နိုင်ခဲ့ပါသည်။
Fighting Together For Your Rights — Stand With Us.