IFOMS Congress 2015 | A Historic Milestone Basic Rights Under ILO and Maritime Labour Convention

ILO နှင့် ရေကြောင်းအလုပ်သမား စံချိန်စံညွှန်းများအရ အခြေခံအခွင့်အရေးများ

ILO အခြေခံအခွင့်အရေးများ

လုံခြုံစိတ်ချမှု နှင့် ဂုဏ်သိက္ခာ ရှိသည့် အပြင် လွတ်လပ်မှု၊ တရား မျှတမှု ပါရှိသည့် လုပ်ငန်းခွင် အတွင်း သင့်တော် ကောင်းမွန်သည့် အလုပ်များ ရရှိရေးတွင် အမျိုးသားများ သာမက အမျိုးသမီးများ အတွက်ပါ အလုပ်ကိုင် အခွင့်အလမ်းများ ပိုမို များပြားလာရန် ရည်ရွယ်၍ နိုင်ငံတကာ အဆင့်မီ အလုပ်သမား အဖွဲ့အစည်း တစ်ခုတည် ထောင်ကာ ယင်းအဖွဲ့အစည်း ရေရှည်တည်တံ့ရေး အတွက် ILO က ဆောင်ရွက် နေသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။

အဓိကကျသည့် နိုင်ငံတကာ အဆင့်မီ အလုပ်သမား စံနှုန်းများ

နိုင်ငံတကာ အသိအမှတ်ပြု အဓိက အချက်များမှ ထုတ်နှုတ် ထားသော နိုင်ငံတကာ အဆင့်မီ အလုပ်သမား စံနှုန်း များကို ILO ကချမှတ် ပေးထားသည်။ ILO ကပြဌာန်း ထားသည့် အချက်များမှ အဓိက အချက် ၈ ချက်သည် တရားဝင် ကြေညာချက် တွင် ဖော်ပြထားသော အခြေခံ ရပိုင်ခွင့်များ နှင့် ကိုက်ညီသည်။

  • အဓမ္မ ခိုင်းစေခြင်း
  • အဖွဲ့အစည်း၏ လွတ်လပ်ခွင့် နှင့် ဖွဲ့စည်းခွင့်ကို ကာကွယ် ပေးခြင်း
  • အခွင့် အရေးများ ရရှိရေး နှင့် စုပေါင်း အရေး ဆိုရေး
  • နစ်နာကြေးများ ညီတူညီမျှ ရရှိရေး
  • အဓမ္မ ခိုင်းစေမှု ပပျောက်ရေး
  • ခွဲခြား ဆက်ဆံခြင်း (အလုပ်ခန့်အပ်ခြင်း နှင့် အလုပ်နေရာ)
  • အနည်းဆုံး ရှိရမည့် အသက်အရွယ်
  • ကလေး လုပ်သားတို့၏ အဆိုးဝါးဆုံး အခြေအနေများ ပပျောက်ရေး တို့ဖြစ်သည်။

လုပ်ငန်းခွင်တွင်း ရပိုင်ခွင့် နှင့်အခြေခံ စည်းမျဉ်းများ အကြောင်း ကြေညာခြင်း

အလုပ်ခွင်တွင်း အခြေခံ ရပိုင်ခွင့်အတွက် ကြေညာချက် (1998) သည် အလုပ်သမားများ စုစည်းခွင့် နှင့် ထိရောက်စွာ တောင်းဆို ခွင့်ကို အလေးထားပြီး ခွဲခြား ဆက်ဆံခြင်း မှ လွတ်လပ်ခွင့် နှင့် အခြားသော အလုပ် ခန့်အပ်မှု ဆိုင်ရာ အခြေခံ အခွင့်အရေး များလည်း ပါဝင်သည်။

ILO က တရားဝင် ကြေညာထားသော ၁၉၉၈ ခုနှစ်က အသက်ဝင်ခဲ့သည့် အလုပ်ခွင်တွင်း အခြေခံ ရပိုင်ခွင့် နှင့် စည်းမျဉ်းများ အကြောင်းကို အလုပ်သမား ဆိုင်ရာ အခြေခံ ပြဌာန်းချက် များတွင် ထည့်သွင်း လိုက်ခြင်းသည် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမား အဖွဲ့အစည်းများက လူတိုင်း တန်ဖိုးထားသည့် အခြေခံ အချက်များကို ဥပဒေအရ ကာကွယ် ပေးမည်ဟု ကတိ ပြုလိုက် ခြင်းလည်း ဖြစ်သည်။ ထိုသို့ လူသားတိုင်း တန်ဖိုးထားသည့် အချက်များသည် လူမှုရေး နှင့် စီးပွားရေးတို့ အတွက် ရှင်သန် လှုပ်ရှားမှုတွင် အသက်တမျှ အရေးပါသလို စည်းမျဉ်းဥပဒေ နှင့် ရပိုင် ခွင့်များကို အလေးထားပြီး တိုးတက်အောင် လုပ်ဆောင်ရာတွင် အခန်းကဏ္ဍ လေးခု ရှိပြီး ဆက်စပ်လျက် ရှိသော အလုပ်သမား ဆိုင်ရာ ဥပဒေ ပြဌာန်းချက် များကို သဘောတူညီမှု ရှိမရှိ ဆိုသည့် အချက် များလည်း ပါဝင်သည်။

ယင်းကဏ္ဍ လေးခုတွင် အဖွဲ့အစည်းများ၏ လွတ်လပ်ခွင့် နှင့် စုပေါင်း အရေးဆိုခွင့်ကို ထိရောက်သည့် အသိအမှတ်ပြုရေး၊ အဓမ္မခိုင်းစေမှု သို့မဟုတ် မဖြစ်မနေ လုပ်ရသည့်ကိစ္စများ ဖျက်သိမ်းရေး၊ ကလေး အလုပ်သမား ပပျောက်ရေး နှင့် အလုပ်ရာထူး နှင့် အလုပ် ခန့်အပ်ရေးတို့တွင် ခွဲခြားဆက်ဆံမှု ပပျောက်ရေး စသည့် အချက်များလည်း ပါဝင်သည်။

ILO ကြေညာချက်က ဖော်ပြပါ အခွင့်အရေးများသည် အများ နှင့် သက်ဆိုင်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှု အဆင့် နှင့်မဆိုင်ပဲ နိုင်ငံအားလုံးရှိ ပြည်သူများ အားလုံး နှင့် အကျုံးဝင်ကြောင်း အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်။ အလုပ်လက်မဲ့ နှင့် ရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် အမှန်တကယ် လိုအပ်နေသည့် အဖွဲ့များကို ယင်းကြေ ညာချက်က အလေးပေး ဖော်ပြထားသည့် အပြင် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူမှုရေး လုပ်ငန်းများ တိုးတက်မှု နှင့် တန်းတူညီမျှရေး ဆောင်ရွက်ချက်များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ် ဆိုသည်ကို လက်ခံ ထားသည်။

Placeholder image for a user's photo

ရေကြောင်းဆိုင်ရာအလုပ်သမားများဥပဒေပြဌာန်းချက်

ရေကြောင်း ဆိုင်ရာ အလုပ်သမားများ ဥပဒေပြဌာန်းချက် (MLC- 2006) က အောက်ဖော်ပြပါ အခြေခံ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးသော စည်းကမ်း ဥပဒေများ ထွက်ပေါ် လာရန် ပြဌာန်းချက်များကို အတည်ပြုပေးမည့် အစိုးရ အဖွဲ့များ အားလုံးကို လိုအပ်လျက်ရှိသည်။

  • အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်(သင်္ဘောသားများသည် ၎င်းတို့ ရွေးချယ်ထားသော အလုပ်သမား သမဂ္ဂ နှင့် ပူးပေါင်းနိုင်မည့် အခွင့်အရေး)
  • စုပေါင်း အရေးဆိုခွင့်အား အလေးထား အသိအမှတ်ပြုမှု (သင်္ဘောသားများ ကိုယ်စား CBA ကို ညှိနှိုင်းရန် သမဂ္ဂ၏ အခွင့်အရေး)
  • အဓမ္မခိုင်းစေခြင်း သို့မဟုတ် မဖြစ်မနေ လုပ်ရသည့် ကိစ္စများဖျက်သိမ်းရေး (သင်္ဘောသားများ စိတ်တိုင်း ကျလုပ်ကိုင်ခွင့် နှင့် ယင်း လုပ်အားခ အတွက် ငွေပေးချေမှု)
  • ကလေး လုပ်သားများ ထိရောက်စွာ နှိမ်နှင်းရေး
  • အလုပ်အကိုင် နှင့် ရာထူးအလိုက် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး (သင်္ဘောသားများသည် လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ ကျား/မ၊ လိင် ခွဲခြားမှု သို့မဟုတ် နိုင်ငံရေး အမြင်ကွဲပြားမှု တို့ကိုမကြည့်ပဲ အတူ ယှဉ်တွဲ လုပ်ကိုင် နေရသောကြောင့် သင်္ဘောသားများ အားလုံး တန်းတူညီမျှ ဆက်ဆံခွင့် ရရေး)

အတိုချုပ် ပြောရလျှင် သင်္ဘောသားများ လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ခွင့် ရရေးပင် ဖြစ်သည်။ ယင်းနေရာသည် ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု၊ ကျန်းမာပျော်ရွှင်ရေး နှင့် ဆေးကုသမှုတို့ကဲ့သို့ လူမှုရေး ကာကွယ် စောင့်ရှောက်မှုများရရှိပြီး သင့်တော် ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေတွင် သင့်တင် မျှတသော အလုပ်နေရာများ ရရှိကာ စိတ်ချ ယုံကြည်ရသည့် စံနှုန်းများ နှင့် ကိုက်ညီသည့် နေရာဖြစ်ဖို့ပင်။