ITF Agreements & Crewing Agents Guide
ပင်လယ်ပျော်များအတွက် လုပ်ငန်းခွင် ကာကွယ်ခွင့်များနှင့် အလုပ်ခန့်ထားရေး အခွင့်အရေး လမ်းညွှန်ချက်
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်သားများအဖွဲ့ချုပ်ဧ။် သဘောတူညီချက်များ
ITF Agreements သည် Flag of Convenience (FOC) (အလံအငှားတင်သည့်သင်္ဘောများ)နှင့်သာ အကျုံးဝင်သည်။ ITF Agreements သည် ITF မှ အတည်ပြုပေးထားသည့် အချက်များသာဖြစ်သည်။
ITF Agreements ကို ရေကြောင်းသမဂ္ဂနှင့်သင်္ဘောကုမ္ပဏီတို့လက်မှတ်ရေးထိုးအတည်ပြုထားခြင်းဖြစ်ပြီး ယင်းသို့လက်မှတ်ရေးထိုးရာတွင် Agreement နှင့်ဆက်စပ်ကာ အကျိုးအမြတ်ရမည့်သင်္ဘောပိုင်ရှင်၊ သင်္ဘောကြီးကြပ်ကွပ်ကဲသူနှင့် သင်္ဘော operator တို့လည်းပါဝင်သည်။ လက်မှတ်ရေးထိုးသောသမဂ္ဂသည် ITF ထောက်ခံချက်ရရှိထားသောအဖွဲ့ဖြစ်ရမည်။
ITF Agreement နှင့် ကိုက်ညီသော်လည်း သင့်မိခင်နိုင်ငံတွင် ITF ထောက်ခံချက်ရထားသည့်သမဂ္ဂမရှိလျှင် အလုပ်ရှင်နှင့်ဖြစ်သည့်ပြသနာများကို ITF က ကိုယ်စားပြုဖြေရှင်းပေးမည်ဖြစ်သည်။
ITF သဘောတူညီချက်၏ အဓိက ပါဝင်သည့်အချက်များ
Special Agreement
Special Agreement သည် စုပေါင်းညှိနှိုင်းအရေးဆိုရေးသဘောတူညီချက် (CBA ) ကို အသိအမှတ်ပြုထားသော ITF နှင့်ဆက်နွယ်နေသောအလုပ်ရှင် နှင့် ချုပ်ဆိုထားသည့် တရားဝင်အထောက်အထားဖြစ်သည်။ CBA နှင့် အကျုံးဝင်သည့်နိုင်ငံများကိုဖော်ပြထားပြီး သင်္ဘောနှင့်ဆိုင်သည့် အချက်အလက်အသေးစိတ်အပြင် သဘောတူညီချက် အတည်ဖြစ်သည့် ရက်စွဲကိုပါ တစ်ပါတည်းဖော်ပြထားသည်။ သင်္ဘောပိုင်ရှင်လုပ်ဆောင်ရမည့် အချက်များနှင့် သဘောတူညီချက် ပါအချက်များအတိုင်း ဆောင်ရွက်ရန်အတွက် သင်္ဘောကိုစစ်ဆေးခွင့်ရရန် ITF ကိုယ်စားလှယ်များ၏ တရားဝင်အခွင့်အရေးများကိုပါဖော်ပြထားသည်။
Collective Bargaining Agreement (CBA)
သင်္ဘောပေါ်တွင် အလုပ်ခန့်ထားသောသင်္ဘောသားများ၏ အခြေအနေအားလုံးကို အသေးစိတ်ဖော်ပြထားသည့် မှတ်တမ်းဖြစ်သည်။ လစာ၊ အလုပ်ချိန် အစရှိသည်တို့ကို အတိအကျဖော်ပြထားသည်။
Individual Employment Contracts
ITF Agreement ၊ CBA တို့ပါအချက်များအတိုင်း ချုပ်ဆိုထားသည့် သင်္ဘောသားတစ်ဦးချင်းစီနှင့်ဆက်စပ်သည့် စာချုပ်များဖြစ်သည်။ သင်္ဘောသား၊ အလုပ်ရှင်၊ သင်္ဘောနှင့်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို စုစည်းထားပြီး CBA တွင်ဖော်ပြထားသည့် အသုံးအနှုန်းများကိုလည်းဖော်ပြထားသည်။ ဥပမာဆိုရလျှင် AB တစ်ယောက်ဆိုပါက အခြေခံလစာ၊ သတ်မှတ်ထားသည့်အချိန်ပိုကြေး၊ အချိန်ပိုကြေးအတွက် ပေးမည့်နှုန်းထား၊ ခွင့်လစာနှင့် AB တစ်ယောက်ကို မဖြစ်မနေထောက်ပံ့ရမည့် ခံစားခွင့်တို့ကိုပေးရမည်။ သင်္ဘောသား အလုပ်ခန့်အပ်ရေးစာချုပ်ကို ပင်လယ်ပျော်တို့ကိုယ်ပိုင်အဖြစ် သိမ်းဆည်းရန်အတွက် တစ်စုံ၊ သင်္ဘောနှင့်ဆိုင်သည့် အချက်အလက်များသိမ်းဆည်းရေးဌာနအတွက်တစ်စုံ၊ ITF Landon အတွက်တစ်စုံ၊ ကုမ္ပဏီအတွက်တစ်စုံဟူ၍ မိတ္တူလေးစုံထားရှိရမည်။
Ship Owner's Undertakings
- CBA တွင်ဖော်ပြထားသော CBA နှင့်ဆက်နွယ်သည့် အလုပ်ခန့်အပ်မှုအခြေအနေများအတိုင်းဆောင်ရွက်ရမည်။
- သင်္ဘောနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ တစ်ဦးချင်းစီ၏ အလုပ်ခန့်အပ်သည့်စာချုပ်များတွင် ထိုသို့သော အလုပ်ခန့်အပ်ရေးဆိုင်ရာအခြေအနေများ ထည့်သွင်းရမည်။
- ITF Agreement နှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးသင့်သည်များ ကျန်ရှိနေသည့် ကုမ္ပဏီကိုအရေးယူရန် သင့်တော်သည့်အာမခံမှုရှိရမည်။
- အလုပ်ချိန် တိကျစွာမှတ်တမ်းတင်ရမည်။
- လက်ရှိသင်္ဘောသားဦးရေနှင့်အတူ ITF ကို ထောက်ပံ့ပေးရမည်။
- ITF Special Seafarers’ ဌာန သို့မဟုတ် လက်မှတ်ရေးထိုးထားသည့် သမဂ္ဂကို အဖွဲ့ဝင်ကြေးပေးသွင်းရမည်။
- ITF Welfare Fund ကိုလစဉ်ကြေးပေးသွင်းရမည်။
Main Categories of Agreements
Standard
ITF Standard Agreement သည် ပုံမှန်အားဖြင့် စက်မှုတော်လှန်ရေးပေါ်ပေါက်ခြင်းကြောင့် ချုပ်ဆိုခြင်းဖြစ်ပြီး ယခင်သဘောတူညီပြီးသား Agreement ကို ကုမ္ပဏီက ချိုးဖောက်လျှင်လည်း ချုပ်ဆိုလေ့ရှိသည်။ သင်္ဘောပိုင်ရှင်တို့အတွက် အကုန်အကျအများဆုံး Agreement ဖြစ်သည်။
Total Crew Cost (TCC)
ITF TCC Agreement သည် ITF Agreement တွင်လူသိများသည့် အမျိုးအစားဖြစ်သည်။ ထောက်ခံချက်ရရှိထားသည့် သမဂ္ဂအများစုသည် ITF Uniform TCC Agreement ကို အသုံးပြုလေ့ရှိသည်။ ITF အသိအမှတ်ပြုထားသော TCC Agreement ၏ အခြားသောအမျိုးအစားများလည်းရှိသည်။ ယင်း Agreement အားလုံးကို ITF က အသိအမှတ်ပြုထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ITF အသိအမှတ်ပြုသမဂ္ဂများမှလည်း ကျင့်သုံးနေသည်။ (နိုင်ငံတွင်း ဥပဒေ နှင့် အဓိကလိုအပ်ချက်များရှိခြင်းကြောင့်) ပြောင်းလဲမှုအနည်းငယ်ရှိနိုင်သော်လည်း အားလုံးသည် ITF Uniform TCC ပေါ် အခြေခံပြီး အခြေကျနေပြီဖြစ်သော ITF စံနှုန်းများနှင့်ကိုက်ညီသည်။
International Bargaining Forum (IBF)
IBF Agreement များကို International Bargaining Forum (IBF) တွင် ITF ဘက်မှ အမြဲရပ်တည်သော သင်္ဘောပိုင်ရှင်များအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖွဲ့တွင်အဖွဲ့ဝင်ထားသော သင်္ဘောပိုင်ရှင်များထံတွင်သာ တွေ့နိုင်သည်။ IBF Agreements များသည် အကြောင်းအရာပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။ သို့သော် အနိမ့်ဆုံးစံနှုန်းများအားလုံးနှင့်ကိုက်ညီမှုရှိသည်။ အလုပ်ရှင်တို့သည် ၎င်းတို့ချမှတ်ထားသည့် IBF Agreement နှင့်ပတ်သက်ပြီး ပုံမှန်အားဖြင့် တစ်နှစ်လျှင်တစ်ကြိမ် ပြည်တွင်းသမဂ္ဂနှင့် ညှိနှိုင်းဆွေးနွေးလေ့ရှိသည်။
Understanding Crewing Agents & Your Rights
MLC, 2006 (ရေကြောင်းအလုပ်သမား ကွန်ဗင်းရှင်း) အရ သင့်အား အလုပ်ခန့်ထားရေးလုပ်ငန်းစဉ်အတွင်း အောက်ပါအခွင့်အရေးများ အာမခံထားပါသည်။
No Fees for Jobs
ရေကြောင်းအလုပ်သမားများဆိုင်ရာပြဌာန်းချက် (MLC) တရားဝင်အသိအမှတ်ပြုနိုင်ငံတို့မှ သင်္ဘောသား ကိုယ်စားလှယ်များ (တစ်ခါတစ်ရံစီမံအုပ်ချုပ်သူဟုခေါ်ဆိုသော) သင်္ဘောသားစုဆောင်းပေးသည့်လုပ်ငန်းသည် အလုပ်ရရန်အတွက် ငွေကောက်ခံခြင်းမရှိရပါ။ တရားဝင်ထုတ်ထားသော ဆေးစစ်ချက်မှတ်တမ်း၊ သင်္ဘောသား လုပ်သက် မှတ်တမ်းစာအုပ် (CDC)၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားလာခွင့် အထောက်အထားလက်မှတ် တို့အတွက်ကုန်ကျစရိတ်ကိုသာ သင်္ဘောသားထံမှတောင်းခံနိုင်သည်။ ပြည်ဝင်ခွင့်လက်မှတ် (visa) အတွက်ကိုမူ သင်္ဘောပိုင်ရှင်မှပေးဆောင်ရမည်။
Your Rights are Protected
ပုဂ္ဂလိက သင်္ဘောသားကိုယ်စားလှယ်များအားလုံးသည် အလုပ်နှင့်ပတ်သက်သည့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးသော အပြည့်အဝတာဝန်ယူမှုရှိသည့်စနစ်ကို အထောက်အပံ့ဖြစ်ပြီး စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။ အမည်ပျက်စာရင်းသွင်းခြင်းသည် အလုပ်ရှာရာတွင်အခက်တွေ့နိုင်သောကြောင့် အရည်အချင်းရှိသည့်သင်္ဘောသားများအတွက် အတားအဆီးဖြစ်သည်။
ပုဂ္ဂလိကသင်္ဘောကိုယ်စားလှယ် သို့မဟုတ် လူသစ်စုဆောင်းသည့် ကုမ္ပဏီတို့က ယုံကြည်အားကိုးရပါ့မလားဆိုသည်ကို မည်သို့ပြောနိုင်ပါမည်နည်း။
ယုံကြည်ရတဲ့ သင်္ဘောကိုယ်စားလှယ် တွေမှာ
- ၎င်းတို့တွင် လစ်လပ်နေသည့် သင်္ဘောသားရာထူး နေရာ စာရင်းများအားလုံးကို အချိန်နှင့်တပြေးညီ တင်ပေးရမည်။
- စာချုပ်ပေါ်တွင်လက်မှတ်မထိုးမီ စာချုပ်အရသင်ရရှိမည့်အခွင့်အရေးနှင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကိုပြောပြပြီး စာချုပ်ကိုစစ်ဆေးရန်လုံလောက်သည့် အချိန်ပေးရမည်။
- သင့်ကို စာချုပ်မိတ္တူတစ်စုံပေးရမည်။
- အလုပ်နှင့်ပတ်သက်ပြီး မိမိတွင် အရည်အချင်းပြည့်မပြည့် စစ်ဆေးပါ။
- နိုင်ငံခြားဆိပ်ကမ်းတွင် အလွယ်တကူထွက်ခွာခွင့်ရရန် သင်္ဘောပိုင်ရှင် သို့မဟုတ် ကုမ္ပဏီတို့က ငွေကြေးအရထောက်ပံ့ ပေးနိုင်သူများဖြစ်ရမည်။
- ပြသနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖြစ်သည့်နေရာတွင် ထိရောက်သည့်တိုင်ကြားမှု ဆောင်ရွက်ပေးရမည်။
- သင်္ဘောသားစုဆောင်းရေး နှင့် ရာထူးနေရာဝန်ဆောင်ပေးသည့် ကုမ္ပဏီမှ ၎င်းတို့ဆောင်ရွက်ပေးရမည့် တာဝန်ဝတ္တရားများပျက်ကွက်လျှင်သော်လည်းကောင်း၊ SEA အရ သင်္ဘောပိုင်ရှင်က၎င်းတို့ တာဝန်ဝတ္တရားများ ပျက်ကွက်လျှင်သော်လည်းကောင်း လျော်ကြေးပေးရမည့်အခါ အာမခံချက်ပေးနိုင်မည့် စနစ်တစ်ခုရှိရမည်။
As a matter of good practice, they should also:
- ရေကြောင်းလောကအကြောင်းနားလည်သည့် ဝန်ထမ်းခန့်ထားရမည်။
- သင့်ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို အလေးထားပြီး လျှို့ဝှက်စေချင်သည့်အရာကို လျှို့ဝှက်ပေးရန်လိုသည်။
- သင်ပင်လယ်ပြင်တွင်ရှိနေစဉ် သင့်မိသားစုကသင်နှင့် ဆက်သွယ်ရန်အကူအညီတောင်းခံလျှင်ဖြစ်စေ အကြံဉာဏ်တောင်းခံလျှင်ဖြစ်စေ အခကြေးငွေမယူပဲ ကိုယ်ချင်းစာစိတ်ဖြင့် ချက်ချင်းတုန့်ပြန် သတင်းပေးနိုင်ရန်ဆောင်ရွက်ပေးရမည်။
- အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက ဆက်သွယ်ရမည့် လိပ်စာအသေးစိတ်ကို အချိန်နှင့်တပြေးညီ စာရင်းပြုစုထားရမည်။
- သင်္ဘောကုမ္ပဏီ၏ မူဝါဒများနှင့်ဆက်နွယ်သည့်အချက်များ ဥပမာသင်္ဘောပေါ်တွင်အရက်သေစာ သောက်သုံးခြင်းမရပြုရဆိုသည့် စည်းကမ်းချက်မျိုးကို သင်္ဘောသားကိုပြောပြရမည်။
- CBA တွင်ဖော်ပြထားသည့်အချက်များ၊ ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများအားလုံးနှင့်အညီ သင်္ဘောသားများကိုကူညီပေးသည့် သင်္ဘောများကိုလည်း လုပ်ငန်းခွင်အခြေအနေကိုစုံစမ်းစစ်ဆေးပေးရမည်။
Other Specialist Agreements
ITF သည် ရေကြောင်းလုပ်ငန်းများအတွက် အထူးသဘောတူညီချက်များကိုလည်း အသိအမှတ်ပြုထားပါသည်။
- ITF Offshore Standard Agreement
- ITF Cruise Ship Agreement for Catering Personnel