ယေဘုယျသဘောအကြံဉာဏ်ပေးခြင်း
သင့်အခွင့်အရေးဟုဆိုရာတွင်ပင် အမျိုးမျိုးရှိနိုင်ပြီး အခွင့်အရေးများပိုရနေတာရှိနိုင်သလို တစ်ခါတစ်ရံ ရှင်းပြ၍မရသည့် အခြေအနေမျိုးလည်းရှိနေနိုင်သည့်အတွက် သင်္ဘောသားများ၏အခွင့်အရေးနှင့်ပတ်သက် လျှင်လည်းရှုပ်ထွေးမှုများရှိနိုင်သည်။
သင်္ဘောသားအခွင့်အရေးရရှိမည့်အဓိကရင်းမြစ်များ
သင့်အခွင့်အရေးများကို အဓိကဥပဒေဘောင်များဖြင့် သတ်မှတ်ထားပါသည်။ ၎င်းတို့ကို နားလည်ခြင်းသည် သင့်ကိုယ်သင် ကာကွယ်ရန် ပထမဆုံးခြေလှမ်းဖြစ်ပါသည်။
🚢 Flag State Law
သင်္ဘောတစ်စင်းတွင် ၎င်းသင်္ဘောကိုခုတ်မောင်းခွင့်ပေးထားသော နိုင်ငံပိုင်အလံရှိသည်။ အပြည်ပြည် ဆိုင်ရာဥပဒေအရ သင်္ဘော၏တည်နေရာကိုထည့်သွင်းမစဉ်းစားပဲ သင်္ဘောနှင့်သက်ဆိုင်သည့်ဥပဒေကို Flag State ဥပဒေကသာ ထိန်းချုပ်နိုင်သည်။ သင်္ဘောသားမှန်လျှင် မည်သည့်နိုင်ငံသားဖြစ်စေ သင်္ဘော ရောက်ရှိနေသည့် Flag State ဥပဒေအတိုင်း ၎င်းသင်္ဘောသားကိုကာကွယ်ပေးရမည်ဖြစ်သည်။
မိမိအလုပ်လုပ်နေသောသင်္ဘော၏အလံကို အမြဲသတိ ထားပါ။ လိုအပ်ပါက Flag State ၏ဥပဒေအကြောင်း စုံစမ်းမေးမြန်းထားပါ။
⚓ Port State Law
သင်္ဘောဆိပ်ကမ်းကပ်ချိန်တွင် ဆိုက်ကပ်သည့် သင်္ဘောအား Port State ကအာဏာဖြင့်ထိန်းချုပ်ပိုင်ခွင့် ရှိသည်။ ပုံမှန်အားဖြင့် ဆိပ်ကမ်းတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာမရှိပါက (ဥပမာ သင်္ဘောပေါ်တွင် ရာ ဇဝတ်မှုဖြစ်ပွားခြင်း) သင်္ဘောပေါ်တွင်ဖြစ်ပွားသည့်အရေးကိစ္စများကို port state ကကြားဝင်ဖြေရှင်းခြင်းမရှိပေ။ ကမ္ဘာတစ်ဝန်းတွင် တရားစီရင်ရေးပုံစံများစွာရှိသော်လည်း ဥပမာ လစာမရ၍ ဥပဒေအရတိုင်ကြားလိုပါက Port State နှင့်သက်ဆိုင်ရာတရားရုံးများတွင် တိုင်ကြားနိုင်သည်။
လိုအပ်ပါက Port State တွင်ပြဌာန်းထားသည့်ဥပဒေများကိုလေ့လာပြီး အကူအညီ တောင်းပါ။
🏠 Your Home State Law
အလုပ်ခန့်အပ်သည့်စာချုပ်ကိုဥပဒေအတိုင်းချုပ်ဆိုထားပါက Home State တွင်ဖော်ပြထားသည့်အခွင့် အရေးဆိုင်ရာအချက်အလက်များကို အားကိုးနိုင်သည်။ နိုင်ငံရပ်ခြားတွင်သင်ဒုက္ခရောက်နေပြီဆိုပါက မိခင်နိုင်ငံက သက်ဆိုင်ရာသံရုံးနှင့်ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဆွေးနွေး အကြံပေးနိုင်မည့်သံရုံးအရာရှိများ၏အကူအညီတောင်းခံပါ။
📄 Your Contract
အလုပ်ခန့်အပ်သည့်စာချုပ်သည် မိမိနှင့်အလုပ်ရှင်ကြားတွင်ရှိသည်အခွင့်အရေးများကို ထည့်သွင်းရေးသား ထားခြင်းဖြစ်သည်။ (၁) နှစ်ဦးသဘောတူစာချုပ် ၊ (၂) အလုပ်သမားသမဂ္ဂ သို့မဟုတ် အလုပ်ရှင်များ အသင်းကထုတ်ပြန်ထားသော CBA ၊ (၃) အစိုးရကအရေးယူဆောင်ရွက်နိုင်သောစာချုပ်ပုံအချက်များပါဝင်သည်။ သင့်စာချုပ်သည် သင်္ဘောပိုင်ရှင်နှင့်တိုက်ရိုက်ပတ်သက်နိုင်သကဲ့သို့ စီစဉ်ဆောင်ရွက်ပေးသော ကိုယ်စား လှယ် သို့မဟုတ် သင်္ဘောပိုင်ရှင်နှင့်ဆက်နွယ်သည့် အခြားသောကိုယ်စားလှယ်အချို့နှင့်လည်း ပတ်သက် နိုင်သည်။ မည်သို့ပင် စီစဉ်ထားစေကာမူ စာချုပ်များအားလုံးသည် သင့်အခွင့် အရေးကိုကာကွယ်ပေးနိုင်ရ မည်။
စာချုပ်တွင်ရေးသားထား သည့်မိမိအခွင့်အရေးများကိုသဘောပေါက်နားလည်အောင်ဖတ်ရှုပြီးယင်းစာချုပ်မိတ္တူကိုယူထားရမည်။
🌐 International Laws
လက်ရှိ ချမှတ်ထားသော သဘောတူထောက်ခံချက်များကို ၂၀၀၆ ခုနှစ်၊ဖေဖော်ဝါရီတွင်မွမ်းမံပြင်ဆင်ကာ MLC 2006 တွင်တစ်စုတစ်စည်းတည်းဖော်ပြခဲ့သည်။ MLC 2006 သည် သင်္ဘောသားများအတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအလုပ်သမားစံနှုန်းကိုချမှတ်ပေးထားသည့် တခုတည်းသော သဘောတူညီ ချက်ဖြစ်ပြီး 2013 ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။
သင့်ကို နိုင်ငံတကာစံချိန်စံညွှန်းများဖြင့် ကာကွယ်ထားကြောင်း သိရှိပါ။
အကူအညီဘယ်ကနေ ရနိုင်မလဲ။
သင့်အခွင့်အရေး ချိုးဖောက်ခံရသည်ဟု ယုံကြည်ပါက မတွန့်ဆုတ်ပါနှင့်။ အောက်ပါ အဓိကအရင်းအမြစ်များမှ တရားဝင်အကူအညီ ရယူပါ။
Your Union
သင့်အတွက် ပထမဆုံးနှင့် အဓိက ပံ့ပိုးကူညီမှု အရင်းအမြစ်ဖြစ်သည်။
Maritime Lawyer
ရေကြောင်းဥပဒေဆိုင်ရာ ကျွမ်းကျင်သော ရှေ့နေ တစ်ယောက်ယောက်နှင့် ဆက်သွယ်ရန်
Consular Officers
နိုင်ငံခြားတွင် သင့်နိုင်ငံဆိုင်ရာသံရုံးက အကူအညီပေးနိုင်ပါသည်။