About Us - IFOMS

IFOMS အကြောင်း

လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS)

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောသားဦးရေမှာ ၁၀၀,၀၀၀ ကျော်ခန့်ရှိပြီး အမှန်တကယ် သင်္ဘောပေါ်တွင် အမှုထမ်းဆောင်လျက်ရှိသော သင်္ဘောသားများဦးရေမှာ ၃၀,၀၀၀ ခန့်သာ ရှိသည်။ မြန်မာသင်္ဘောသား အများစုမှာ နိုင်ငံတကာနှင့် အခွင့်အရေး တန်းတူ မရရှိဘဲ နိမ့်ပါးသော လစာနှင့် လုံခြုံမှုမရှိသော သင်္ဘောများပေါ်တွင် တာဝန် ထမ်းဆောင် နေရသည်။ မှတ်ပုံတင် သင်္ဘောသား ဦးရေများပြားသော်လည်း အမှန်တကယ် အလုပ်အကိုင် အခွင့်အလမ်း ရရှိသောဦးရေမှာ လွန်စွာနည်းပါးခြင်းကို အခွင့်ကောင်းယူ၍ အချို့သော သင်္ဘောကိုယ်စားလှယ်များမှ သင်္ဘောသားများအား ဂုတ်သွေးစုပ် အမြတ်ထုတ်နေခြင်းများ ကိုလည်းတွေ့ရှိရသည်။

ဤအသင်းချုပ်၏ ရည်ရွယ်ချက်မှ

  • မိမိတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်ရန်။
  • မိမိတို့၏ လုပ်ငန်းခွင် အတွင်း အန္တရာယ်ကင်းရှင်း၍ လုံခြုံမှု ရရှိစေရန်။
  • ဆုံးရှုံး နစ်နာမှုများ အတွက် ရသင့်ရထိုက်သော အကျိုးခံစားခွင့်များကို အပြည့်အဝရရှိစေရန်။
  • အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် အတွက်လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ၊ ၃ရက်နေ့တွင် သင်္ဘော သားများစုပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် ဖွဲ့စည်းခွင့်လက်မှတ်ကို ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ရက်နေ့တွင် ရရှိခဲ့သည်။ အဖွဲ့ချုပ်၏ ပထမအကြိမ် ညီလာခံကို ၂၀၁၅ခုနှစ်၊ မတ်လ၊ (၃၀၊၃၁) ရက်နေ့တွင် Chatrium Hotel တွင်ကျင်းပ ခဲ့ပါသည်။ မတ်လ၊၃၀ရက်နေ့တွင် ပင်လယ်ပျော်ညီအစ်ကိုများ တက်ရောက်၍ အောက်ပါ အလုပ်အမှုဆောင်ကော်မတီဝင်များကို သဘောတူ ရွေးချယ် တင်မြှောက်ခဲ့ပါသည်။

အဓိက အုပ်ချုပ်ရေးအဖွဲ့ဝင်များ:

  • ဦးအောင်ကျော်လင်း (အထွေထွေအတွင်းရေးမှူး)
  • ဦးညွန့်ဝေ (လက်ထောက်အထွေထွေအတွင်းရေးမှူး)
  • ဦးဇော်အောင် (ဥက္ကဌ)
  • ဦးစောမော်စီ (ဒုဥက္ကဌ)
  • ဦးအန့်ကူ (ဘဏ္ဍာရေးမှူး)
  • ဦးလှမျိုးဦး (အလုပ်မှုဆောင်)
  • ဦးရဲကျော်သူ (အလုပ်အမှုဆောင်)
  • ဦးလူအောင် (အလုပ်အမှုဆောင်)
  • ဦးကျော်လွင်လတ် (အလုပ်အမှုဆောင်)

IFOMS အဖွဲ့ချုပ် ဖြစ်ပေါ်လာစေရန် အဖက်ဖက် ကူညီပေးခဲ့သော ဦးရွှေထွန်းအောင်သည် မြန်မာပြည်ဖွား ITF Inspector တစ်ဦးဖြစ်ပြီး မြန်မာသင်္ဘောသားတို့၏ အလုပ်ခွင်ဆိုင်ရာလိုအပ်သော အကူအညီများကို စိတ်ရင်းစေတနာ အမှန်ဖြင့်လိုက်လံ ကူညီနေသူ တစ်ဦးဖြစ်ကြောင်း တွေ့ကြုံဖူးသော မြန်မာ သင်္ဘောသား ညီအကိုတို့သိနှင့် နေပြီးဖြစ်ပါသည်။ ဦးရွှေထွန်းအောင်သည် မြန်မာပင်လယ်ပျော်တို့၏ နစ်နာမှုနှင့် အခက်အခဲများကို စိတ်ရောကိုယ်ပါ လိုက်လံကူညီ ဆောင်ရွက်ပေးနေသည့်အပြင် IFOMS အဖွဲ့ချုပ်ဖြစ်ပေါ်လာရန်အတွက် စတင်အုတ်မြစ်ချ တည်ထောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်ပါသည်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲလာသောကြောင့် ITF မှ မြန်မာ့ရေကြောင်း လောကတိုးတက် လာစေရန်နှင့် စစ်မှန်သော အလုပ်သမားသမဂ္ဂများပေါ်ထွက်လာပြီး ၎င်းတို့နှင့် လက်တွဲ လုပ်ဆောင်နိုင်ရန် ဦးရွှေထွန်းအောင် (ITF Inspector) အပါအဝင်

  • Mr. Stephen Cotton (General Secretary ITF)
  • Ms. Jacqueline Smith (Maritime Coordinator ITF)
  • Mr. Jon Whitlow (Secretary Seafarers, Fisheries & Inland Navigation ITF)
  • Mr. Steve Trowsdale (Inspectorate Coordinator ITF)
  • Mr. John Wood (FOC Campaign Advisor ITF)
  • Mr. Kam Soon Huat (General Secretary SOS)
  • Mr. Mark Davis (Deputy Regional Secretary Asia/Pacific Region ITF)
  • Mr. Lee Cash (Maritime Union Development Programme Supervisor ITF)
  • Mr. Kevin Verma (Auditor ITF)
  • Ms. Evelin Tomson (Assistant Strategy Implementation Team ITF)
  • Mr. Peter Lahay (Coordinator Canada ITF)
  • Mr. Dean Summers (Coordinator Australia ITF)
  • Mr. Johnny Hansen (President Norwegian Seafarers’ Union)
  • Mr. Torben Seebold (Head of Docker section Maritime Coordinator ITF Germany)
  • Mr. Yoshihiro Shimmi (All Japan Seamen’s Union)

တို့အဖွဲ့မှ လာရောက်ပြီး IFOMS အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်နိုင်ရန် အကူအညီများ ပေးခဲ့သည်။ IFOMS အဖွဲ့ချုပ်ကို တရားဝင်မှတ်ပုံတင် လျှောက်ထားခြင်း မပြုခင်ကတည်းက IFOMS အဖွဲ့သားများအား သမဂ္ဂဆိုင်ရာသင်တန်းများ၊ စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းများ၊ အမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းခြင်း သင်တန်းများကို အကြိမ်များစွာ လာရောက်သင်ကြား ပေးခဲ့ပါသည်။ အဖွဲ့ချုပ်မှ မှတ်ပုံတင် ရပြီးနောက်ပိုင်း လည်း IFOMS အလုပ်အမှုဆောင်များသာမက အဖွဲ့ဝင်များအတွက်ပါ လိုအပ်သော သင်တန်းများကို ITF မှ ကျွမ်းကျင်ပညာရှင်များက လာရောက်သင်ကြားပေးခဲ့သည်။

သင့်အခွင့်အရေးများခိုင်မာဖို့ IFOMS နဲ့အတူရပ်တည်စို့