Honoring the Visit of Teacher U Khin Maung Oo

Honoring the Visit of Teacher U Khin Maung Oo and Daw Tin Tin Win | IFOMS
Teacher U Khin Maung Oo and his wife Daw Tin Tin Win seated on a couch in front of the IFOMS Bangkok Office Opening banner.
IFOMS News

ဆရာကြီး ဦးခင်မောင်ဦးနှင့် ဒေါ်တင်တင်ဝင်း တို့ ဘန်ကောက်မြို့ရှိ IFOMS အဖွဲ့ချုပ်သို့ လာရောက်လည်ပတ်။

ဆရာကြီး ဦးခင်မောင်ဦးနှင့် ဒေါ်တင်တင်ဝင်း တို့ ဘန်ကောက်မြို့ရှိ IFOMS အဖွဲ့ချုပ်သို့ လာရောက်လည်ပတ်ကာ မြန်မာသင်္ဘောသားများအတွက် ကောင်းမွန်သော အတွေ့အကြုံများမျှဝေပေးခဲ့။

ပညာရည်ပြည့်ဝပြီး စိတ်ထားကောင်းမွန်သော ဇနီးမောင်နှံ ဆရာ ဦးခင်မောင်ဦးနှင့် ဇနီး ဒေါ်တင်တင်ဝင်း တို့သည် IFOMS ရုံးချုပ်တည်ရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လာရောက်လည်ပတ်ခဲ့ပါသည်။ မြန်မာ့ပင်လယ်ပျော်များအတွက် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးလျက်ရှိသော IFOMS အဖွဲ့ချုပ်သည် ဤကဲ့သို့လာရောက်လည်ပတ်မှုအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါသည်။

လာရောက်လာပတ်စဉ်တွင် ဆရာကြီးတို့ဇနီးမောင်နှံထံမှ အဖိုးမဖြတ်နိုင်သော သင်ကြားရေးအတွေ့အကြုံများနှင့် IFOMS အဖွဲ့ချုပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ အကြံကောင်းများကို မျှဝေပေးခဲ့ပါသည်။

Knowledge for Progress

ဆရာဦးခင်မောင်ဦးထံမှ ထူးခြားကောင်းမွန်သော အတွေ့အကြုံများကို IFOMS အဖွဲ့ဝင်များ တိုက်ရိုက် သင်ကြားခွင့်ရရှိခဲ့ပြီး ဆရာကြီးမှ “လူသာအဓိက ဖြစ်ပြီး၊ ဘယ်စနစ်ပဲဖြစ်ဖြစ်၊ လူမကောင်းလျှင် ပျက်တာပဲဖြစ်ကြောင်း” အဖွဲ့အစည်းတိုးတက်ရေးကို ရှေးရှု၍ သင်္ဘောသားများကို ဆထက်တပိုး ကူညီနိုင်အောင် ကြိုးစားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဒါ့အပြင် ဆရာကတော် ဒေါ်တင်တင်ဝင်း မှ သင်္ဘောသားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်းမျှဝေပေးခဲ့ပါသည်။ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့သို့ ရောက်ရှိလာသည့် မြန်မာသင်္ဘောသားများအား ကူညီပေးဖြစ်ပုံ၊ ကြုံတွေ့ရသော အတွေ့အကြုံများကို တက်တက်ကြွကြွ ပြောကြားခဲ့ပါသည်။

Teacher U Khin Maung Oo actively discussing with a younger IFOMS member and Daw Tin Tin Win present.

Sharing invaluable insights with the IFOMS team.

Memorable Moments in Bangkok

Group photo of the visiting couple and IFOMS members in front of the banner.
Teacher U Khin Maung Oo signing the IFOMS Bangkok Office Opening banner.
A symbolic image related to maritime life or the IFOMS mission.

A Heartfelt Prayer

ဆရာကြီးတို့ဇနီးမောင်နှံ သက်ရှည်ကျန်းမာပြီး မြန်မာသင်္ဘောသားများအကျိုးကို ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ IFOMS မိသားစုမှ နွေးထွေးစွာ ဆုတောင်းပေးလိုက်ရပါတယ်။

IFOMS Leadership, Bangkok, Thailand

Similar Posts