သင်္ဘောသားများ၏ဘဝ - ထိုင်းဆိပ်ကမ်း (၃) ခုသို့ IFOMS အဖွဲ့မှ လက်တွေ့ကွင်းဆင်းချက်များ
သင်္ဘောသားများ၏ဘဝ - ထိုင်းဆိပ်ကမ်း (၃) ခုသို့ IFOMS အဖွဲ့မှ လက်တွေ့ကွင်းဆင်းချက်များ
ထိုင်းနိုင်ငံရှိ သင်္ဘောများသို့ လက်ရှိလုပ်ဆောင်ခဲ့သည့် သွားရောက်လည်ပတ်မှုများနှင့် အသိပညာပေးလုပ်ငန်းစဉ်များ၏ အတိုချုပ်
🚢 1. Encouragement at Bangkok Port
IFOMS အဖွဲ့ချုပ် နှင့် The Mission To Seafarers ညီနောင်များ မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆိပ်ကမ်း ၌ ကုန်တင်ကုန်ချ ပြုလုပ်နေသော သင်္ဘောများပေါ်ရှိ မြန်မာပင်လယ်ပျော် ညီအကို များထံ ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးကာ လက်ကမ်းစာစောင်များ (Seafarers' Bulletin) လည်း ဝေမျှပေးအပ်ခဲ့ပါသည်။ ပင်လယ်ပျော်ညီနောင်များအားလုံး ဘေးအန္တရာယ် ကင်းဝေးသော လုပ်ငန်းခွင်အတွင်း လုပ်ငန်းတာဝန်များအား ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရွက်ဆောင်နိုင်ကြပါစေကြောင်း။ 🙏
We wish all our seafarer brothers safety in their workplace and joy in performing their duties. 🙏
🗓️ 2. October 29, 2025: Leam Chabang Connection
၉ အောက်တိုဘာ ၂၀၂၅။ ထိုင်းနိုင်ငံ Leam Chabang ဆိပ်ကမ်းတွင် ကုန်တင် ကုန်ချ ပြုလုပ်နေသော သင်္ဘောများပေါ်ရှိ ပင်လယ်ပျော် ညီနောင်များထံ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ပြီး လက်ကမ်းစာစောင် (Bulletin) များလည်း ဝေငှပေးအပ်ခဲ့ပါသည်။
တစ်ခိုင်လုံးရွှေ ညီအစ်ကိုများ နှင့် ဆုံတွေ့ခဲ့ရသည့်အတွက်လည်း သာ၍ပင် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရပါ၏။
Fighting Together For Your Rights, Stand With Us!
📚 3. Floating Library Adventure at Khlong Toei Port
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ Port များရှိ ညီနောင် သင်္ဘောသားများဆီ သွားရောက်တွေ့ဆုံလည်ပတ်ရင်း Khlong Toei ဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားလျှက်ရှိသော Floating Library “Doulos Hope” သင်္ဘော ပေါ်ဆီသို့ တက်ရောက်လေ့လာ လည်ပတ်ဖြစ်ခဲ့ကြပါတယ်။
သင်္ဘောပေါ်၌ ပညာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ခေါင်းစဉ်ပေါင်း ၂၀၀၀ ကျော် ခန့် ခင်းကျင်းပြသထားသည်ဟု သိရှိရပြီး စာအုပ်၊စာပေ ဝါသနာပါသူ ညီအစ်ကိုများအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ Khlong Toei ဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားထားမည်ဖြစ်ကာ အင်္ဂါနေ့ မှ တနင်္ဂနွေနေ့ ရက်များအတွင်း (တနင်္လာနေ့ပိတ်) သွားရောက်လေ့လာလည်ပတ်နိုင်မည်ဖြစ်ပါသည်။
- Open: Tuesday to Sunday (Closed on Mondays)
- Entrance Fee: 20 Baht per person (Free for children under 12 and seniors over 65)
- Service: Provided by volunteers from over 35 countries.
- A cozy coffee shop (cafe) is also on board!
Khlong Toei port ကို ဆိုက်ကပ်လာမယ့် စာပေချစ်သူ ညီအစ်ကို ပင်လယ်ပျော်များ အတွက် သွားရောက်လေ့လာလည်ပတ်သင့်ပါကြောင်း။