ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) ရုံးခွဲဖွင့်လှစ်ခဲ့
IFOMS ရုံးချုပ်အသစ် ဖွင့်ပွဲ
အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်သားအဖွဲ့ချုပ် (ITF) ဧ။် အဖွဲ့ဝင် Union တစ်ခုဖြစ်သော IFOMS ရုံးချုပ်အသစ် အား ထိုင်းအလုပ်သမားအစည်းအရုံး State Enterprise Workers’ Relations Confederation Foundation (SERCF) ၏ အကူအညီဖြင့် ဩဂုတ်လ ၉ ရက်၊ စနေနေ့ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ International Transport Workers’ Federation (ITF).
IFOMS အဖွဲ့ချုပ် ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် မြန်မာ ပင်လယ်ပျော်များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများအတွက် ကိုယ်စားပြုရပ်တည်ဆောင်ရွက်ပေးနိုင်ရန် စတင်တည်ထောင်ခဲ့သည်။ IFOMS အတွင်းရေးမှူးချုပ် ဦးအောင်ကျော်လင်းက ဤရုံးအသစ် ပေါ်ပေါက်လာရေးအတွက် ITF၊ ITF Seafarers' Trust နှင့် အခြားရေကြောင်းလုပ်သားအစည်းအရုံးများ၏ ပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အသင်းချုပ်အား ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် ပြန်လည်ထူထောင်ရာ၌ အဓိက ကူညီပံ့ပိုးပေးခဲ့ကြသည့် ထိုင်းနိုင်ငံ ရှိ SERCF အဖွဲ့ချုပ် အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ITF အာရှ-ပစိဖိတ်ဒေသ ဒေသဆိုင်ရာအတွင်းရေးမှူး Scott McDine က ITF သည် IFOMS အား ပံ့ပိုးရန်နှင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းတွင် မြန်မာပင်လယ်ပျော်များ၏ အရေးပါသော ပံ့ပိုးမှုကို အသိအမှတ်ပြုရန် ပြည့်ဝသောဆန္ဒ ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းက ITF သည် IFOMS အတွက် အရင်းအမြစ်များ တိုးမြှင့်ပေးရန်နှင့် အာရှ-ပစိဖိတ်တစ်ခွင်လုံးရှိ ၎င်း၏စည်းရုံးရေးအစီအစဉ်များကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက် ခေါင်းပုံဖြတ်မှုများအား တိုက်ဖျက်ရာတွင် အစောပိုင်းတိုးတက်မှုများ ရရှိခဲ့သော်လည်း IFOMS သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြီးအကျယ်ဆုတ်ဆိုင်းမှု နှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပြည်တွင်းစစ်တို့ကြောင့် သင်္ဘောကုမ္ပဏီများအပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစွာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရသည်။ ယင်းအခြေအနေမှာ စိတ်ချရသော၊ လွတ်လပ်သော အသင်းချုပ်တစ်ခု၏ အရေးပါသော လိုအပ်ချက်အား ပိုမိုမြင့်တက်စေခဲ့ပါသည်။
စတင်တည်ထောင်ချိန်မှစ၍ IFOMS သည် သင်္ဘောသား ၇၀၀ ကျော်၏ အခွင့်အရေးချိုးဖောက်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ပြီး ပေးချေရန်ကြွင်းကျန်ငွေ ဒေါ်လာ ၁၀.၃ သန်းကျော်ကို ပြန်လည်ရရှိစေခဲ့သည်။