အသင်းချုပ် သီတင်းပတ်ဆိုင်ရာ ဆွေးနွေးပွဲ







IFOMS – ITF Union Week Seminar ကို ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် (၁၇/၁၈/၁၉/၂၀) ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို မြန်မာပင်လယ်ပျော် ညီအစ်ကိုများ၊ MMU မှ သင်္ဘောသားလောင်းများ၊ MSESF နှင့် SD တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် (၉းဝဝ) နာရီ မှ ညနေ (၅းဝဝ) အထိ ကျင်းပခဲ့သည်။ အခမ်းအနားကို IFOMS အဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်လင်း နှင့် ITF မှ Brother Steve Trowsdale တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
အခမ်းအနား အမှာစကားပြောကြားပြီးနောက် Brother Mohamed Arrachedi နှင့် Brother Sevn Hemme တို့မှ Collective Bargaining နှင့်ပတ်သက်သော အကြောင်းအရာများကို မြန်မာပင်လယ်ပျော် ညီအစ်ကိုများ ရှင်းလင်းပြောကြားပေးခဲ့ပြီး ပင်လယ်ပျော် ညီအစ်ကိုများ၏ သိလိုသော မေးခွန်းများကိုလည်း ဖြေကြားပေးခဲ့ပါသည်။
Brother Peter Lahay မှ Union Awareness နှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားပေးခဲ့သည်။ မြန်မာပင်လယ်ပျော် ညီအစ်ကိုများ၏ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ သိလိုသည့်အကြောင်းအရာများကို MLC 2006 တွင် ပြဌာန်းထားသော အချက်အလက်များ နှင့် နှိုင်းယှဉ်၍ ITF မှ ဦးရွှေထွန်းအောင် နှင့်အတူကွ ရှင်းလင်းပြောကြားပေးခဲ့သည်။
IFOMS အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော် လင်း သည် IFOMS အဖွဲ့ချုပ် ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဆောင်ရွက် ချက်များ အစရှိသည်တို့ကို ပြောကြားပေးခဲ့သည်။
Brother Dean Summer မှ MLC 2006 ဖြစ်ပေါ်လာပုံ၊ MLC 2006 စာအုပ်တွင်ပါရှိသည့် ရှောင်ရန် ဆောင်ရန်များ၊ မြန်မာပင်လယ်ပျော် ညီအစ်ကိုများ ရသင့်ရထိုက်သော အခွင့်အရေးများကို သိရှိနားလည်စေရန် အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့သည်။ MLC poster leaflet နှင့် ITF Seafarers Application အကြောင်းတို့ကို Brother Jason Lam ရှင်းလင်းပြောကြားခဲ့ပြီး ITF Seafarers Application ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံတို့ကို အသေးစိတ်ပြောပြပေးခဲ့သည်။
ညနေပိုင်းတွင် မြန်မာပင်လယ်ပျော် ညီအစ်ကိုများမှ တွေ့ကြုံရင်ဆိုင်ခဲ့ရသော အခက်အခဲများ၊ သိလိုသော အကြောင်းအရာများကို တစ်ဦးချင်းစီလိုက် မေးမြန်းခဲ့သည်။ IFOMS အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်လင်း နှင့်အတူ ITF မှ ဦးရွှေထွန်းအောင်၊ Brother Mohamed Arrachedi ၊ Brother Sevn Hemme ၊ Brother Peter Lahay ၊ Brother Dean Summer ၊ Brother Jason Lam တို့မှ မေးခွန်းများကို စုပေါင်း၍ ဖြေကြားပေးခဲ့သည်။
Brother Asif မှ IFOMS အဖွဲ့ချုပ် နှင့် ပူးပေါင်း၍ ကျန်းမာရေးဆွေးနွေးပွဲများကို ပြုလုပ်ပေးခဲ့ကြောင်း၊ HIV/AIDS နှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းပြပေးခဲ့သည်။ IFOMS အဖွဲ့ချုပ် ၏ အလုပ်အမှုဆောင် (EC) တစ်ဦးဖြစ်သော ကိုလူအောင် မှ IFOMS အဖွဲ့ချုပ် လုပ်ဆောင်ခဲ့သော ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးဆွေနွေးပွဲများကို အကြိမ်များစွာပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် IFOMS အဖွဲ့ချုပ်ရုံးခန်းတွင် အပတ်စဉ် ကြာသပတေး နေ့တိုင်း နံနက် (၁ဝးဝဝ) မှ နေ့လည် (၃းဝဝ) အထိ ဆရာဝန်ထားရှိထားပြီးဖြစ်၍ ပင်လယ်ပျော် ညီအစ်ကိုများသာမက မိသားစုဝင်များလည်း ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ ပြုလုပ်ပေးနေကြောင်းပြောကြားခဲ့သည်။
IFOMS အဖွဲ့ချုပ် ၏ ဥက္ကဌ ဦးဇော်အောင် မှ တက်ရောက်လာသော မြန်မာပင်လယ်ပျော် ညီအစ်ကိုများ၊ MMU မှ သင်္ဘောသားလောင်းများ၊ MSESF နှင့် SD တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ဖြစ်သော ပင်လယ်ပျော် ညီအစ်ကိုများကိုလည်း နောင်ပြုလုပ်သွား မည့် ဆွေးနွေးပွဲများသို့ တက်ရောက်ကြပါရန် နှင့် Union Week Seminar ဆွေးနွေးပွဲပြုလုပ်ရခြင်း အကြောင်း ရှင်းပြခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။